“အက်သလက်တီကိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဆာအူလ် ကို ခေါ်ယူမယ့် ထရက်ဇွန်စပေါ်အသင်း”

21 Jul

တူရကီကလပ် ထရက်ဇွန်စပေါ်အသင်း ဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဆာအူလ်(Saul) ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီလို့ သိရပါတယ်။ အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံပွဲ ၄၀၀ ကျော် ကစားပေးထားတဲ့ ဆာအူလ် ဟာ ချဲလ်ဆီး အသင်းကို အငှားချခံခဲ့ရဖူးသလို ပြီးခဲ့တဲ့ရာသီကလည်း ဆီဗီလာအသင်းမှာ အငှားသွားရောက် ကစားခဲ့ရပါတယ်။ အသက် ၃၀ နှစ်အရွယ် ဆာအူလ် ဟာ အက်သလက်တီကိုအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ နှစ်ဦးနှစ်ဖက်သဘောတူညီမှုအရ အက်သလက်တီကိုအသင်းက စာချုပ်ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ထရက်ဇွန်စပေါ်အသင်းက ဆာအူလ် ကို အငှားနဲ့ခေါ်ယူဖို့ စတင်ဆွေးနွေးခဲ့ပေမဲ့ အက်သလက်တီကိုအသင်းက စာချုပ်ဖျက်သိမ်းပေးခဲ့တာကြောင့် ၄ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဆာအူလ်က လာမယ့်ရက်ပိုင်းအတွင်း တူရကီကို သွားရောက်ပြီး အပြောင်းအရွှေ့ကို အပြီးသတ်သွားမယ်လို့ သိရပါတယ်။ (NVS 008)

21 Jul

ADVERTISE HERE .