“ဘာနာဒိုဆေးလ်ဗား ကို အသင်းမှာ ဆက်လက်ထိန်းထားမယ့် မန်စီးတီးအသင်း”
21 Jul
မန်စီးတီးအသင်းက ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား ကို ဒီနှစ်နွေရာသီမှာ ဆက်ထိန်းထားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သူဖြစ်ပြီး မန်စီးတီး အသင်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းမရှိတာကြောင့် လမ်းခွဲဖို့ စဉ်းစားနေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။ အသက် ၃၀ နှစ်အရွယ် ဘာနာဒိုဆေးလ်ဗား ဟာ မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို မန်စီးတီးအသင်းရဲ့ ၀ါရင့်ကစားသမားတစ်ဦးဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ဘာနာဒိုဆေးလ်ဗား ကို ရီးရဲလ်အသင်းနဲ့ PSG တို့က ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ (NVS 008)
21 Jul