“အုပ်စုအဆင့်တက်ရေးအတွက် ထိုင်းအသင်းကို အနိုင်ကစားရမယ့် မြန်မာယူ-၂၃ အသင်း”

21 Jul

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင်ပွဲအုပ်စုအဆင့် တက်ရောက် နိုင်ရေး မြန်မာယူ-၂၃ အသင်းအနေနဲ့ ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ ပြိုင်ဘက်ထိုင်းအသင်းကို ခက်ခဲစွာယှဉ်ပြိုင်ကျော်ဖြတ်ရမည်ဖြစ်တဲ့အပြင် မြန်မာအသင်းအနေနဲ့ လက်ရှိ ခြေစွမ်းများအရ ခံစစ်အားနည်းချက်များရှိနေတာကြောင့် ရလဒ်ကောင်းထွက်‌ပေါ်ရန် ကြိုးစားရမည်ဖြစ်ကာ၊ ယခုပွဲစဉ်က အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ မြန်မာအသင်းဟာ ထိုင်းအသင်းကို ဇူလိုင်လ ၂၂ ရက်မှာ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အုပ်စုအဖွင့်ပွဲစဉ်မှာ တီမောအသင်းကို တစ်ဖက် ၄ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ယူ-၂၃ အသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲနှစ်ခုဖြစ်သည့် ၂၀၂၅ ဆီးဂိမ်းနှင့် ယူ-၂၃ အာရှဖလားခြေစစ်ပွဲတို့ကို ဆက်လက်ယှဉ်ပြိုင်ရန် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ (NVS 008)

21 Jul

ADVERTISE HERE .