“ဝဇီရာရုပ်ရှင်ရုံနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများရှိပါက လာရောက်လှူဒါန်းနိုင်ကြောင်း မေတ္တာရပ်ခံ”

21 Jul

ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်တဲ့ အဆောက်အအုံဆိုင်ရာ အချက်အလက်များ၊ ပုံစံကားချပ်များ၊ ဖျော်ဖြေ တင်ဆက်မှုနှင့် ကြည့်ရှုအားပေးမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို မူရင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မေတ္တာရပ်ခံ ထားပါတယ်။ နစကဥက္ကဋ္ဌမှ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ် (၃၂၇) ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝဇီရာရုပ်ရှင်ရုံကို ကြည်ရှူလေ့လာခဲ့ပြီး ဝဇီရာရုပ်ရှင်ရုံကို မူလလက်ရာမပျက်စေဘဲ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ရန်မှာကြားခဲ့ပါတယ်။ ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အဦကြီး တစ်ခုဖြစ်ပါတယ်။ ထို့ပြင် ဝဇီရာရုပ်ရှင်ရုံသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများအပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်၍ အနုပညာ စိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်းဖြစ်ခြင်းကြောင့် နိုင်ငံတော်အစိုးရက ဂုဏ်ပြုခံကဇာတ်ရုံကြီးအဖြစ် အဆင့်မြှင့်တင်ရန်စီစဉ်လျက်ရှိပြီး အဆင့်မြှင့်တင်ပြီးပါက ရုပ်ရှင်ရုံအဖြစ်သာမကပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်တဲ့ နေရာများ အဖြစ်အ သုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်တဲ့ မှတ်တမ်းဓာတ်ပုံများရှိပါက ဦးရဲလင်းမြင့်၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖုန်း၀၉ ၇၉၈၃၇၄၇၀၉၊ ၀၁၇ ၅၃၆၀၃၀ ၊ ဦးချမ်းသာကြည်စိုး၊ တွဲဖက်အတွင်းရေးမှူး(၂) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၀၉ ၇၆၅၂၆၂၆၇၉ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အသိပေးထားပါတယ်။ (NVS 004)

21 Jul

ADVERTISE HERE .