“ယခုတစ်ပတ်အတွင်းရောင်းချရမည့် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအနည်းငယ်မြင့်တက်”

21 Jul

ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဇူလိုင်လ ၂၁ ရက်မှ ဇူလိုင်လ ၂၇ ရက်အတွင်း ရောင်းချရမယ့် စားအုန်းဆီ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာကို ၆,ဝ၅၅ ကျပ်ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေတဲ့ စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့သလို ပြီးခဲ့တဲ့ တစ်ပတ်တာကာအတွင်း ရောင်းချခဲ့သည့် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၆,၀၃၀ ဖြစ်တာကြောင့် ယခုတစ်ပတ်တွင် ၂၅ ကျပ် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။ (NVS 004)

21 Jul

ADVERTISE HERE .