“ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် လမ်းအင်္ဂါရပ်များပြည့်စုံရေးအတွက်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား”

21 Jul

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် လမ်းအင်္ဂါရပ်များ ပြည့်စုံရေး ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးစဥ်မှာ လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံရေးဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေထွက်ပေါက်များမှ ရေများအလွယ်တကူစီးဆင်းသွားနိုင်ရေး စနစ်တကျ တွက်ချက်၍ တည်ဆောက်သွားရန်နှင့် အခြားလိုအပ်တာများကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ညောင်တုန်းလမ်း တစ်လျှောက်နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းတစ်လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ မော်တော်ကားလမ်းတိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို မော်တော်ယာဉ်များနဲ့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ (NVS 004)

21 Jul

ADVERTISE HERE .