ရီးရဲလ်မက်ဒရစ်အသင်းက ချဲလ်ဆီးအသင်းကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက် ကို စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ကမ်းလှမ်းရန်ပြင်ဆင်
20 Jul
ရီးရဲလ်မက်ဒရစ်အသင်းက လိုအပ်ချက်များရှိနေတဲ့ အသင်းကွင်းလယ်ပိုင်းအတွက် ချဲလ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက် ကို စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သည့် စတာလင်ပေါင် သန်း ၁၅ဝ ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကွင်းလယ်ပိုင်းက ကက်စ်မဲရိုး နဲ့ တိုနီခရူး တို့ထွက်ခွာခဲ့ချိန်မှာလည်း ၎င်းတို့နေရာမှာ ကစားသမားအစားထိုးခေါ်ယူခဲ့ခြင်း မရှိခဲ့ဘဲ ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းနှင့်အတူ ကာလရှည်ကစားခဲ့သည့် ဝါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ် ထွက်ခွာခဲ့ပြီးနောက် ကွင်းလယ်ပိုင်းအတွက် ထိပ်တန်းကွင်းလယ် ကစားသမားတစ်ဦးကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အသင်းကွင်းလယ်ပိုင်းတွင် ဘယ်လင်ဟမ်၊ ချူအာမန်နီ၊ ဗယ်လ်ဗာဒီ နဲ့ ကာမာဗင်ဂါ တို့ရှိနေသော်လည်း ဘယ်လင်ဟမ် နဲ့ ဗယ်လ်ဗာဒီ တို့နှစ်ဦးသာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ချူအာမန်နီနှင့် ကာမာဗင်ဂါတို့မှာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိတဲ့အတွက် ချူအာမန်နီ ကို ပြန်လည်ရောင်းချရန်ပြင်ဆင်နေပြီး အန်ဇိုဖာနန်ဒက် နဲ့အစားထိုးရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ အန်ဇိုဖာနန်ဒက် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဘင်ဖီကာအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချဲလ်ဆီးအသင်း ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)