ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်မှာ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ အန်တိုနီ၊ မာလာစီယာ နဲ့ ဆန်ချို တို့ကို မန်ယူအသင်း ချန်လှပ်

20 Jul

မန်ယူအသင်းက ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ စတော့ဟုမ်းလေ့ကျင့်ရေးခရီးစဉ်တွင် လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလ၌ အရောင်းစာရင်းတင်ထားသည့် ကစားသမားများမှ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ အန်တိုနီ၊ မာလာစီယာ နဲ့ ဆန်ချို တို့ကို ချန်လှပ်ခဲ့ကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ် က လက်ရှိနည်းပြ အာမိုရင် လက်ထက်မှာ ပွဲကစားခွင့် လုံးဝမရရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလမှာ အေဗီလာအသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ကစားခဲ့သော်လည်း အေဗီလာအသင်းက အပြီးသတ်ခေါ်ယူခြင်းမရှိလို့ အသင်းနဲ့ပြန်လည်ပူးပေါင်းနေရတာဖြစ်ပါတယ်။ ဆန်ချို ကလည်း ချဲလ်ဆီးအသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် ကစားခဲ့သော်လည်း အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူခြင်း မရှိတဲ့အတွက် အသင်းနဲ့ပြန်လည်ပူးပေါင်းနေခြင်းဖြစ်ပါတယ်။ မာလာစီယာ ကတော့ ဒဏ်ရာပြဿနာများကြောင့် မန်ယူအသင်းက ရောင်းချရန်ဆုံးဖြတ်ထားပြီး ဘက်တစ် အသင်းထံသို့ အငှားဖြင့်စေလွှတ်ထားတဲ့ အန်တိုနီ ကိုလည်း လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ အပြီးသတ်ရောင်းချရန် ကြိုးပမ်းနေခြင်းကြောင့် ချန်လှပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂါနာချို ကလည်း ပြီးခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ပွဲထွက်ကစားသမားစာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် နည်းပြ အာမိုရင် နှင့် ဆက်ဆံရေးတင်းမာမှုများကြောင့် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုကြေညာထား ခြင်းကြောင့် ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

20 Jul

ADVERTISE HERE .