အမ်ဘူမို ရဲ့ အပြောင်းအရွှေ့အတွက် ဘရန့်ဖို့ဒ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ မန်ယူ
20 Jul
ကင်မရွန်းလက်ရွေးစင် တိုက်စစ်မှုး အမ်ဘူမို ရဲ့ အပြောင်းအရွှေ့အတွက် ဘရန့်ဖို့ဒ်အသင်းနဲ့ မန်ယူအသင်း တို့ဟာ ပြောင်းရွှေ့ကြေးပေါင် သန်း ၇၀ နဲ့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အမ်ဘူမို ဟာ မန်ယူအသင်းနဲ့ ဆေးစစ်မှုခံယူရမှာဖြစ်ပြီး ဆေးစစ်မှု အောင်မြင်ခဲ့ပါက အပြီးသတ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အမ်ဘူမို နဲ့ မန်ယူအသင်းတို့အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်ကို ရရှိခဲ့တာကြာပြီဖြစ်ပေမယ့် အသင်း ၂ သင်းကြား ပြောင်းရွှေ့ကြေးကိုညှိနှိုင်းရာမှာ သဘောတူညီမှုရရှိဖို့ အချိန်ကြာနေ ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တတိယအကြိမ်မြောက် ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့မှုကို ဘရန့်ဖို့ဒ်အသင်းဘက်က လက်ခံလိုက်တာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်မှုတွေလုပ်နေတဲ့ အမ်ဘူမို ဟာ မန်ယူအသင်းနဲ့အတူ လာမယ့်ရက်ပိုင်းအတွင်း ဆေးစစ်မှုတွေပြုလုပ်မှာ ဖြစ်ပြီး အမေရိကန်ခြေစမ်းခရီးစဉ်အမီ အသင်းနဲ့ပူးပေါင်းနိုင်ဖွယ်ရှိနေပါတယ်။(NVS 008)