စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ပေးအပ်
20 Jul
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမား များတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းကို ပေးအပ်သည့် အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ နှစ် ၇၀၀ အားကစားကွင်း မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပခဲ့ပါတယ်။ အာမခံအလုပ်သမား ၁,၅၃၈ ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းအတွက် ငွေကျပ် ၉၇ ဒသမ ၇၃၈ သန်းကို အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဦး က စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အာမခံအလုပ်သမားများနှင့် မိသားစုဝင်များကိုယ်စား စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်၊ အလုပ်ရုံမှူး ဦးစိုးလွင်နှင့် ဦးစီးအရာရှိ ဒေါ်မေဇင်မိုး တို့က ကျေးဇူတင်စကားများ ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 003)