မောင်းသူမဲ့လေယာဉ် အစင်း ၃၀၀ ကျော်ဖြင့် ယူကရိန်းပစ်မှတ်များကို ရုရှားတိုက်ခိုက်

20 Jul

ရုရှားတပ်များသည် ဇူလိုင်လ ၁၈ ရက်ညပိုင်းမှ ၁၉ ရက် နံနက်ပိုင်းအထိ ယူကရိန်းနိုင်ငံကို မောင်းသူမဲ့ လေယာဉ် ၃၀၀ ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားတပ်များအနေဖြင့် ဇူလိုင်လ ၁၈ ရက်မှ ၁၉ ရက်အထိ ယူကရိန်းနိုင်ငံကို မောင်းသူမဲ့လေယာဉ် အစင်း ၃၀၀ ကျော်၊ ခရုစ်ဒုံးကျည်အစင်း ၃၀ ကျော်တို့ဖြင့် မိုးလင်းပေါက်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီး က သတင်းထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံသည် ပြီးခဲ့သည့်လများအတွင်း ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ မြှင့်တင် လုပ်ဆောင်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်ရာတွင် ရုရှားနိုင်ငံက တစ်ညတာအတွင်း အသုံးပြုခဲ့သည့် မောင်းသူမဲ့ လေယာဉ်အရေအတွက်မှာ ၂၀၂၄ ခုနှစ်အတွင်း အချို့လများ၌ တစ်လလုံးအသုံးပြုခဲ့သော မောင်းသူမဲ့ လေယာဉ်များ အရေအတွက်ကိုပင် ကျော်လွန်သွားတတ်ကြောင်း သိရသည်။ ယခုနှစ် ဇွန်လ ၈ ရက်တွင်ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသည် မောင်းသူမဲ့ လေယာဉ်အစင်း ၇၀၀ အထိသုံးစွဲခဲ့သည်။ လက်ရှိအချိန်တွင် ရုရှားတပ်များသည် ယူကရိန်းတစ်နိုင်ငံလုံး၏ ၂၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ် ထားကြောင်း သိရသည်။

20 Jul

ADVERTISE HERE .