UID နံပါတ် မရရှိသေးသူများကိုလည်း ယခင်အတိုင်း ပင်စင်လစာထုတ်ပေးလျက်ရှိ
19 Jul
အငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူရာတွင် Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး UID နံပါတ် မရရှိသေးသူများ၏ ပင်စင်လစာများကိုလည်း ယခင်ထုတ်ယူနေကျအတိုင်း စီစဉ်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပြန်ကြေညာထားပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသော အငြိမ်းစားများ၏ UID နံပါတ်များကို ရယူ၍ အချက်အလက်များကို မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension Program တွင် ထည့်သွင်းရန် လိုအပ်ကြောင်းဖော်ပြထားကာ လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ် ၁၇၁ ဘဏ်တွင် UID နံပါတ်ရပြီးသူ အငြိမ်းစားများ ထံမှ အချက်အလက်များကို ရယူထည့်သွင်းဆောင်ရွက်လျက်ရှိပြီး UID နံပါတ်ရရှိခြင်း မရှိသေးသူများအတွက်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စအခက်အခဲများကြောင့် UID နံပါတ် မရရှိသေးသူများ၏ အငြိမ်းစားလစာများကိုလည်း ယခင်ထုတ်ယူနေကျအတိုင်း မြန်မာ့စီးပွားရေး ဘဏ်များတွင် စီစဉ်ထုတ်ပေးလျက်ရှိကြောင်းနှင့် ပင်စင်လစာထုတ်ယူရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ဘဏ်ခွဲ မန်နေဂျာများထံ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားပါတယ်။(NVS 003)