ငလျင်ဘေးသင့် ပြည်သူများအတွက် အမိုးသွပ်အချပ်ရေ ၁ ဒသမ ၈၃ သန်းဝန်းကျင် လိုအပ်
19 Jul
ပြည်သူများသို့ ထောက်ပံ့ပေးရန်အတွက် အမိုးသွပ်ပြားအချပ်ရေ ၁ ဒသမ ၈၃ သန်းခန့် လိုအပ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၁၇ ရက်က ကျင်းပခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်များထောက်ပံ့ရန်အတွက် အမိုးသွပ်ပြား များထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ဒေါက်တာချာလီသန်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်ပမာဏအတိုင်း ဒေသအလိုက် ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် တာဝန်ရှိပြီး ပြည်သူများသို့ ထောက်ပံ့ပေးရန်အတွက် အမိုးပြားအချပ်ရေ ၁ ဒသမ ၈၃ သန်းခန့် လိုအပ်မည်ဖြစ်တဲ့အတွက် ၎င်းပမာဏ ရရှိအောင်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိကုန်ချောလက်ကျန်များ အခြေအနေ၊ ထပ်မံထုတ်လုပ်မည့်အစီအမံ၊ ကုန်ကြမ်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဒေါက်တာချာလီသန်း က ပြောကြားခဲ့ပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး တို့မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်များကို ပြန်လည်ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ J Wood၊ အမိုးသွပ်(၃၀ ဂိတ်)၊ သစ်မာ နှင့် Rebar တို့ကို အိမ်အမျိုးအစားများ အလိုက် ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။(NVS 003)