ယခုနှစ်ဇွန်လအတွင်း ဂျပန်ပြည်တွင်း၌ ဆန်ဈေးနှုန်းများ ၉၉ ရာခိုင်နှုန်းကျော်မြင့်တက်

19 Jul

ယခုနှစ် ဇွန်လအတွင်း ဂျပန်ပြည်တွင်း၌ ဆန်ဈေးနှုန်းများ ၉၉ ဒသမ ၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ဂျပန်ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် လွှတ်တော်ရွေးကောက်ပွဲများ မကျင်းပမီ ဂျပန် ဝန်ကြီးချုပ် အီရှီဘာ အနေဖြင့် နိုင်ငံရေးဖိအားများကို ရင်ဆိုင်နေရသည်။ လူနေမှုစရိတ် ကြီးမြင့်မှုပြဿနာများကြောင့် ဝန်ကြီးချုပ် အီရှီဘာ ဦးဆောင်သော လက်ရှိဂျပန်ညွန့်ပေါင်း အစိုးရ ရရှိထားသော ပြည်သူ့ထောက်ခံမှုနှုန်းမှာ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ရသည်။ ယင်းအပြင် ငွေကြေးတန်ဖိုးဖောင်းပွမှု၊ ဆန်ဈေးမြင့်တက်လာမှုနှင့် လက်ရှိအာဏာရပါတီ၏ ပါတီတွင်း ပြဿနာများကြောင့်လည်း ဂျပန်အစိုးရအပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းခဲ့ရခြင်းဖြစ်သည်။ ယခုနှစ်မေလအတွင်း ဂျပန်နိုင်ငံ၏ ပြည်တွင်းဆန်ဈေးနှုန်းမှာ ၁၀၁ ရာခိုင်နှုန်းထိ စံချိန်တင်မြင့်တက် ခဲ့ဖူးသည်။ ဂျပန်နိုင်ငံသည် ဇူလိုင်လ ၂၀ ရက်တွင် အထက်လွှတ်တော် ရွေးကောက်ပွဲများကျင်းပရန် စီစဉ်ထားရာ လက်ရှိအာဏာရ ညွန့်ပေါင်းအုပ်စုအနေဖြင့် လွှတ်တော်ကို အမတ်နေရာအများစုဖြင့် ထိန်းချုပ်ထားနိုင်စွမ်း ဆုံးရှုံး ရဖွယ်ရှိကြောင်း သိရသည်။

19 Jul

ADVERTISE HERE .