Thai King's Cup ၂၀၂၅ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများစာရင်းထုတ်ပြန်
18 Jul
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၈)ကြိမ်မြောက် Thai King's Cup ၂၀၂၅ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား ၂၅ ဦး၏ စာရင်းကို ဇူလိုင်လ ၁၇ ရက်မှာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ပြိုင်ပွဲကို ဇူလိုင်လ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ လက်ရွေးစင်အမျိုးသား ပိုက်ကျော်ခြင်း ကစားသမား ၁၂ ဦး၊ အမျိုးသမီး ကစားသမား ၁၃ ဦးကို ရွေးချယ်ထားကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အားကစားသမားများအတွက် စုစုပေါင်း ကျပ် ၇,၃၇၃,၀၀၀ တန်ဖိုးရှိ အားကစားဝတ်စုံများကို Glory Sport အားကစားဝတ်စုံလုပ်ငန်းက Main Sponsor အဖြစ် ပံ့ပိုးကူညီ ပေးထား ကြောင်းလည်း သိရပါတယ်။ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ China-Asean Cup 2025 ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။(NVS 008)