ဂါနာချို ကို ဂျက်ဆန် နဲ့ အလဲအထပ်လုပ်ဖို့ ဆန္ဒရှိနေတဲ့ မန်ယူအသင်း

18 Jul

မန်ယူအသင်းဟာ အသင်းတိုက်စစ်ကစားသမား ဂါနာချို ကို ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန် နဲ့ အလဲအထပ် လုပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမား ဂါနာချို ဟာ အသင်းနည်းပြ အာမိုရင် နဲ့ ဆက်ဆံရေး ပြိုကွဲပြီးနောက် အခုနွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ မန်ယူအသင်းကနေ ထွက်ခွာဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂါနာချို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က ချိတ်ဆက် ခဲ့ဖူးပေမယ့် မန်ယူအသင်းရဲ့ ပယ်ချခြင်းကို ခံခဲ့ရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျက်ဆန် ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ချဲလ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်ခဲ့ပေမယ့် အခုနှစ်နွေရာသီမှာ ဒီလပ် နဲ့ ဂျော်အိုပတ်ဒရို တို့ ရောက်ရှိလာတာကြောင့် အသင်းကနေထွက်ခွာချင် နေတာ ဖြစ်ပါတယ်။(NVS 008)

18 Jul

ADVERTISE HERE .