ဒီယက်ဇ် ကိုခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းကို တောင်းဆိုခဲ့တဲ့ စီရော်နယ်လ်ဒို

18 Jul

အယ်လ်နာဆာဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို ဟာ လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ် ကို ခေါ်ယူ ပေးဖို့ အသင်းကို တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒီယက်ဇ် ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အခုနွေမှာ အသင်းကနေ ထွက်ခွာခွင့်တောင်းထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ လက်ရှိမှာ ဒီယက်ဇ် ကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ အသင်းတို့က စိတ်ဝင်စားနေပြီး လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၈၇ သန်း(ယူရိုသန်း ၁၀၀) အလိုရှိနေ ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တောင်းဆိုထားတဲ့ကြေးကို ပေးနိုင်တာက အယ်လ်နာဆာအသင်းသာရှိပြီး မြင့်မားတဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းမယ်ဆိုရင် ဒီယက်ဇ် အနေနဲ့ ဆော်ဒီကလပ်ကို ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို ဟာ အယ်လ်နာဆာအသင်းနဲ့အတူ အဓိကဆုဖလားတွေ ရယူ လိုတာကြောင့် အသင်းကို နာမည်ကျော်ကစားသမားတွေ အားဖြည့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။(NVS 008)

18 Jul

ADVERTISE HERE .