ရစ်ချာလီဆန် ကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းဖို့စီစဉ်နေတဲ့ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်း

18 Jul

ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းဟာ စပါးအသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ရစ်ချာလီဆန် ကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ စပါးအသင်းရဲ့ နည်းပြသစ် သောမတ်စ်ဖရန့်ခ် က ရစ်ချာလီဆန် ကိုရောင်းထုတ်ဖို့ ဆန္ဒရှိနေတာကြောင့် ပါးလ်မီးရပ်စ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ရစ်ချာလီဆန် ရဲ့ အသင်းဟောင်း ဖလူမင်နိစ်အသင်းကလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။(NVS 008)

18 Jul

ADVERTISE HERE .