“မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ်အဖြစ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်”
17 Jul
မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေးအထိမ်းအမှတ်အဖြစ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် ၃ ခုပါ စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၉ နာရီခွဲမှာ စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေးဖိုရမ်အတွက် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ အဆိုပါစာပို့တံဆိပ်ခေါင်းသစ်ကို ရောင်းချခြင်းလည်းဖြစ်ပါတယ်။ အဆိုပါစာပို့တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက် ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှာ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)