“ကိုကိုးကျွန်းသို့ တပ်မတော်လေယာဉ်နဲ့ တစ်လတစ်ကြိမ် အခမဲ့ခရီးစဉ်အဖြစ် ပုံမှန်ပြေးဆွဲပေးနေ”
17 Jul
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာများနှင့် ဒေသခံများ အတွက် တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လတစ်ကြိမ် အခမဲ့ပုံမှန်ပြေးဆွဲပေးလျက်ရှိတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါခရီးစဉ်ကို ဌာနဆိုင်ရာများနှင့်ဒေသခံများ သွားလာမှုအဆင်ပြေစေရန် နစက ဥက္ကဋ္ဌ၏ လမ်းညွှန်ချက် အရ တပ်မတော်လေယာဉ်နဲ့ ပြေးဆွဲပေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက် မနက် ၈ နာရီတွင် မင်္ဂလာဒုံ တပ်မတော်လေဆိပ်မှ ခရီးသည် ၄၂ ဦးနှင့် ကုန်တန်ချိန် ၂,၆၅၀ ကီလိုဂရမ် တင်ဆောင်ကာ ကိုကိုးကျွန်းမြို့နယ် လေဆိပ်သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထို့အတူ အဆိုပါလေယာဉ်ဟာ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ခရီးသည် ၃၂ ဦးနှင့် ကုန်တန်ချိန် ၁,၅၀၀ ကီလိုဂရမ်တင်ဆောင်ကာ ကိုကိုးကျွန်းလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့တယ်လို့လည်း သိရပါတယ်။ (NVS 004)