“မဟာမြတ်မုနိဘုရားကြီးအား ပြင်ဆင်မှုရပ်နားချိန် ဥပုသ်နေ့တစ်ရက်တွင်သာ ရွှေသင်္ကန်ကပ်လှူခွင့်ပြုထား”
17 Jul
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့တဲ့ မဟာမြတ်မုနိဘုရားကြီးကို ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိတယ်လို့ သက်ဆိုင်ရာ ဂေါပကအဖွဲ့ဝင်များထံကနေ သိရပါတယ်။ လက်ရှိပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေချိန်အတွင်း မဟာမြတ်မုနိဘုရားကြီး၏ မျက်နှာတော်မူရာ ရှေ့တည့်တည့်မှ သံဃာတော်များတစ်တန်း၊ အမျိုးသားတစ်တန်းနှင့် အမျိုးသမီးတစ်တန်း ၃ တန်းခွဲကာ ဘုရား ဝတ်ပြုရန်နေရာကို စီစဉ်ပေးထားပေမယ့် ဘုရားကြီးပတ်ပတ်လည် လမ်းလျှောက်ခွင့်ကိုတော့ ပိတ်ထားဆဲဖြစ် ပါတယ်။ ဘုရားရင်ပြင်ကို လှည့်ပတ်ရန်ခွင်ကို အကြီးစားပြင်ဆင်ရေးများမှုလုပ်ဆောင်နေဆဲဖြစ်တာကြောင့် ခွင့်မှုမရှိသေးတာ ဖြစ်ပါတယ်။ ပြုပြင်ခြင်းလုပ်ငန်းတွေ ရပ်နားချိန်ဖြစ်တဲ့ ဥပုသ်နေ့တစ်ရက်ကိုတော့ ရွှေသင်္ကန်း ကပ်ခွင့်ပေးထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဘုရားစောင်းတန်းများကတော့ ပြင်ဆင်နေဆဲဖြစ်ကာ ဗောဓိပင်စောင်းတန်းကို ဖွင့်လှစ်ပေး ထားပါတယ်။ ငလျင်ကြီးလှုပ်ပြီးရက်ပေါင်း ၁၁၀ အတွင်း မန္တလေးမြို့မှာနောက်ဆက်တွဲငလျင်များလှုပ်နေခဲ့ပေမယ့် ဘုရားဖူးများနဲ့ များပြားလျက်ရှိပါတယ်။ အစိုးရရုံးပိတ်ရက်၊ ဥပုသ်နေ့၊ စနေနှင့်တနင်္ဂနွေ ရုံးပိတ်ရက် များမှာတော့ ပိုမိုစည်ကားနေတယ်လို့ သိရပါတယ်။ (NVS 004)