“စီရော်နယ်လ်ဒို ကြောင့် အယ်လ်နာဆာအသင်းနည်းပြအဖြစ် လက်ခံခဲ့တာလို့ဆိုတဲ့ ဂျော့ဂျေးဇူး”
16 Jul
အယ်လ်နာဆာအသင်းက ဂျော့ဂျေးဇူးအား နည်းပြအဖြစ် ခန့်အပ်မှုကို ပြီးခဲ့တဲ့တနင်္လာနေ့က အတည်ပြု ကြေညာခဲ့ပါတယ်။ အယ်လ်နာဆာအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဂျော့ဂျေးဇူး က အခုအလုပ်ကို စီရော်နယ်လ်ဒို ကြောင့် လက်ခံခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဂျော့ဂျေးဇူး ဟာ အယ်လ်နာဆာအသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဂျော့ဂျေးဇူးဟာ ဆော်ဒီမြေမှာ ဆော်ဒီကလပ် အယ်လ်ဟီလာကို နှစ်ကြိမ်တိတိ နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး တတိယအကြိမ်အဖြစ် အယ်လ်နာဆာအသင်းကို တာဝန်ယူမှာ ဖြစ်တယ်။ ဂျော့ဂျေးဇူး က စီရော်နယ်ဒို နဲ့ ပေါ်တူဂီနိုင်ငံသားခြင်းတူညီကြပြီး ဘာသာစကားတူညီနေတာကြောင့် အယ်လ်နာဆာအသင်း ဆုဖလားတွေရရှိအောင် ဆောင်ရွက်ရာမှာ ကူညီနိုင်မှာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ (NVS 008)
16 Jul