“တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ လိဒ်စ်အသင်း”

16 Jul

ပရီးမီးယားလိဂ်တန်းတက်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ လိဒ်စ်အသင်း ဟာ တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ် ဟာ ၂၀၂၁ ခုနှစ်က မန်အသင်းယူကနေ ငါးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ လက်ရှိစာချုပ်က သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် လိဒ်စ်အသင်းက နောက်ထပ်လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ခုကို ထပ်မံချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းစ် ဟာ လိဒ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၃ ပွဲကစားကာ ၂၉ ဂိုးသွင်း၊ ၂၂ ဂိုးအထိဖန်တီးပေးနိုင်ခဲ့သလို ၂၀၂၄-၂၅ ရာသီအတွက် လိဒ်စ်ပရိသတ်များ မဲပေးရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .