“ဘရန်ဖို့ဒ်ကို နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟန်ဒါဆန်”

16 Jul

ဘရန့်ဖို့ဒ်အသင်းဟာ လီဗာပူးလ်ကွင်းလယ်လူဟောင်းဖြစ်တဲ့ ဟန်ဒါဆန် ကို နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဟန်ဒါဆန် ဟာ လီဗာပူးလ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီးနောက် ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းကို ခြောက်လ ပြောင်းရွှေ့ခဲ့ပြီးနောက် အေဂျက်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဟန်ဒါဆန် ဟာ ပြီးခဲ့တဲ့အပတ်က အေဂျက်စ်အသင်းနဲ့ တစ်နှစ်ကျန်ရှိနေသေးတဲ့စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့ပြီး အခုအချိန်မှာတော့ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ခြေချလာတာ ဖြစ်ပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .