“မန်ယူအသင်းကို တရားစွဲဆိုခဲ့တဲ့ နောက်ခံလူဟောင်း တွမ်ဇီဘီ”

16 Jul

မန်ယူအသင်းနောက်ခံလူဟောင်း တွမ်ဇီဘီ က အသင်းကို ဆေးဘက်ဆိုင်ရာအကြံပေးရာမှာ ပေါ့ဆမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ အခုလအစောပိုင်းက ဘန်လေအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ တွမ်ဇီဘီ ဟာ ပြီးခဲ့တဲ့အပတ်က အထက်တရားရုံးမှာ မန်ယူအသင်းကို တရားစွဲဆိုခဲ့တာဖြစ်တယ်။ တွမ်ဇီဘီ က ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဒဏ်ရာရရှိမှုဖြစ်စဉ်အပေါ် တရားစွဲဆိုခဲ့တာဖြစ်တယ်။ ဒါ့အပြင် နစ်နာကြေးအဖြစ် ပေါင် တစ်သန်းကျော် ပေးချေဖို့ ယူနိုက်တက်အသင်းထံ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ တွမ်ဇီဘီ ဟာ ကလပ်အတွက် သူ့ရဲ့နောက်ဆုံးရာသီမှာ အဆိုပါဒဏ်ရာနဲ့ ၁၉၅ ရက်ကြာနားခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ စတုတ်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ တွမ်ဇီဘီ အနေနဲ့ မန်ယူအသင်းရဲ့အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ မန်ယူအသင်းကြီးနဲ့ ပွဲဦးထွက်ခဲ့ကာ ပွဲစဉ် ၃၇ ပွဲအထိ ကစားပေးခဲ့ပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .