“ရွှေအလေးချိန်စနစ်သစ် လိုက်နာမှု ရှိ၊မရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးမည်”

16 Jul

ရွှေဆိုင်များအနေဖြင့် ရွှေအလေးချိန်စနစ်သစ်ဖြင့် ရောင်းချရန် ညွှန်ကြားမှုကို လိုက်နာခြင်းရှိမရှိ ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။ အလေးချိန်စနစ်သစ်နှင့် ပတ်သက်၍ အသိပညာပေးကာလပြီးလျှင် ကွင်းဆင်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန်ရှိ‌ကြောင်း အသိပေးထားခြင်းဖြစ်ပါတယ်။ ရွှေဆိုင်များအနေနဲ့ ရွှေတစ်ကျပ်သားအလေးချိန် စနစ်သစ် ဖြစ်သော ၁၆.၃၂၉၃၂၅ ဂရမ်နဲ့ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ညွှန်ကြားထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင်ရွှေဆိုင်များအနေနဲ့ ရွှေရောင်းဝယ်ရာမှာ စနစ်သစ်ချိန်ခွင်နှင့် ရောင်းဝယ်လျက်ရှိကြောင်း ပိုစတာကပ် ရမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးလျှင် ပြည့်စုံနေရမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ရွှေအလေးချိန် စနစ်သစ်နဲ့ ပတ်သက်၍ အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာကြီးကြပ်ရေး တာဝန်ရှိသူများက စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ရန်ရှိပြီး ယခုဇူလိုင်လမကုန်ခင် လိုက်နာခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးရန် ရှိ‌ကြောင်း သိရပါတယ်။ Digital scale ချိန်ခွင်များကို ရွှေအသင်း အသိအမှတ်ပြုကုမ္ပဏီများမှာ လိုအပ်တဲ့ အမှတ်တံဆိပ်ချိန်ခွင်များကို ဝယ်ယူနိုင်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 004)

16 Jul

ADVERTISE HERE .