“ငလျင်ဒဏ်သင့်ခဲ့တဲ့ ဥတ္တရသီရိရေလှောင်တမံကို ပြန်လည်ပြုပြင်လျက်ရှိ”

16 Jul

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုး ချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆည်အတွင်းရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည် ပြုပြင်ရန် ဘူမိဗေဒတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရေလှောင်တမံရေထုတ်ပြွန်မှ ရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်နေမှုများလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ရေလှောင်တမံကို အရန်ရေပိုလွှဲလမ်းကြောင်းဖော်ထုတ်ခြင်း၊ တမံအတွင်းရေဝင်လမ်းကြောင်းကို ချောင်းမကြီးဆည်ဘက်သို့ ပေ ၁,၃၅၀ တူးဖော်ခြင်း၊ ပင်မရေပိုလွှဲတွင် ရေဝပ်နေရာကို ကွန်ကရစ်လောင်းခြင်း၊ ယာယီရေတားတမံနှင့် မူလတမံကြားရှိ ရေနှင့်သဲနုန်းများစုပ်ထုတ်ရှင်းလင်းခြင်းနှင့် Tower အတွင်း ရေမဝင်အောင် Ring Bund ပတ်၍လုပ်ငန်းဆောင်ရွက်ခြင်း၊ ကွန်ကရစ် Tower အားဖြိုဖျက်ခြင်းနှင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေတံခါးဖြုတ်ခြင်း၊ ငလျင်ဒဏ်ကြောင့် ပေါက်ပြဲပျက်စီးခဲ့တဲ့ ရေထုတ်ပြွန်ကိုကွန်ကရစ်နဲ့ အပြီးပိတ်ခြင်း၊ ရေလုံ မြေဖြင့်ဖို့၍ ရေရှည်တမံကြံ့ခိုင်မှုရှိစေရန် တမံအရှေ့ဘက်မှ Banquette ဖို့ခြင်း၊ တမံအောက်ဘက် Downstream ဘက်ခြမ်းထူးပေါက်နှင့် မြေကျွံကျမှုဖြစ်ပေါ်ခဲ့သော နေရာများမှမြေသားများအား ဖယ်ရှားရှင်းလင်းပြီး တမံဖို့ရန် သတ်မှတ်ထားတဲ့ မြေအမျိုးအစားနဲ့ သတ်မှတ်ပုံစံအတိုင်း ပြန်လည်ကြိတ်ဖို့ခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ရေလွှဲမြောင်း Diversion Channel နေရာတွင် ၆ပေ x ၈ ပေအရွယ် ရေတံခါးတစ်ခုကို ကွန်ကရစ်ဖြင့် တည်ဆောက်ခြင်း၊ ကွန်ကရစ်ပိုက်အတွင်း ကွန်ကရစ်လောင်းရန် Conduit ပိုက်ကို အပေါက်ဖောက်ခြင်း၊ ပိတ်ဆို့ရမည့် နေရာတပ်ဆင်နိုင်ရန် Socket ပြုလုပ်ခြင်းနှင့် ရေလွှဲကြောင်းကို ရေတံခါးတပ်ဆင်ရန် ဒီဇိုင်းရေးဆွဲခြင်း တို့ကို အမြန်ဆုံးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာ ဧက(၁၅၀၀)၊ တမံအမြင့်ပေ(၆၀)၊ တမံအလျားပေ (၁၁၂၀)ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တသီရိမြို့နယ်အတွင်းသောက်သုံးရေဖူလုံစွာပေးဝေနိုင်ရန် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ ဥတ္တရသီရိရေလှောင်တမံကို ပြန်လည်ပြုပြင်မှုကို ဇူလိုင် ၁၅ ရက်ညနေပိုင်းက နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ (NVS 004)

16 Jul

ADVERTISE HERE .