“ကျောင်းလခနှင့်နေထိုင်စရိတ်အခက်အခဲရှိနေတဲ့ ကျောင်းသား၊သူများကို ပညာသင်ဆုပေးအပ်မည်”
16 Jul
ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုမှာ ပညာသင်ခွင့်အတွက် ကျောင်းလခနှင့် နေထိုင်စရိတ် အခက်အခဲ ရှိနေတဲ့ ကျောင်းသား၊သူများကို ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန် ထားပါတယ်။ Global Elim Foundation မှ ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့(ကိုရီးယားဘာသာစကားသင်တန်းမပါ) တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ် အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား၊သူ ၂ ဦးအတွက် “Global Elim Foundation Scholarship (GEFS) ပညာသင်ဆု” ကို စိစစ်ရွေးချယ်ပေးအပ်မည်ဖြစ်ပါတယ်။ ဒါ့ကြောင့်သတ်မှတ်ထားတဲ့ အရည်အချင်းနှင့်ကိုက်ညီသော လျှောက်ထားလိုသူများသည် ယခုကြေညာချက် မှာ ပူးတွဲပါရှိတဲ့ စာရွက်စာတမ်း/အထောက်အထားတို့ကို ပြည့်စုံစွာဖြည့်စွက်ပြီး ဇူလိုင်လ ၂၅ ရက် ညနေလေးနာရီ နောက်ဆုံးထား၍ မြန်မာသံရုံး၊ ဆိုးလ်မြို့ (လိပ်စာ Hannam-daero 28-gil 12, Yongsan-gu, Seoul, 04418) သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍ သော်လည်း ကောင်း လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီးမှ ရောက်ရှိလာတဲ့ လျှောက်လွှာများကို လက်ခံ စဉ်းစားပေးမည်မဟုတ်ကြောင်း အသိပေးကြေညာထားပါတယ်။ (NVS 004)