“အီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေ”
16 Jul
ယခုနှစ်အတွင်း ကျင်းပရန်ရှိတဲ့ ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေတယ်လို့ သိရပါတယ်။ အီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအဖြစ် သင်ကြားပေးရန်ရှိနေ ခြင်းဖြစ်ကာ မဲရုံအရေအတွက် နည်းပါးနိုင်တဲ့ လသာမြို့နယ်မှာ အီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ၂ ရက်ကြာ ပြုလုပ်မှာဖြစ်ပါတယ်။ လာမည့်ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ (NVS 004)
16 Jul