“မိုင်းဆတ်-တာချီလိတ်လမ်းပေါ်မှာ ဆိုက်ခေါင်တံတားသစ်ဆောက်လုပ်”

16 Jul

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်သွားကားလမ်းပေါ်ရှိ နမ့်ခုတ်ချောင်းကို ဖြတ်၍ ဆိုက်ခေါင်တံတားသစ်တစ်စင်း ဆောက်လုပ်လျက်ရှိကြောင်း သိရပါတယ်။ တံတားဆောက်လုပ်နေမှုစီမံကိန်းနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတားကြံ့ခိုင်မှုတို့ကို တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်တာဝန်ရှိသူများက ဇူလိုင်လ ၁၄ ရက်မှာကြည့်ရှုစစ်ဆေးခဲ့ရာ တံတားဦးစီးဌာနရဲ့ တာဝန်ရှိသူမှ တံတားသစ်စီမံကိန်းကို တစ်ဆင့်ချင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက် နေမှု၊ Bored Pile ၁၀ ခုစိုက်ထူသွားမည့်နေရာနှင့်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဆိုပါတံတားသစ်စီမံကိန်းအား ၂၀၂၅-၂၀၂၆ ပြည်နယ်ခွင့်ပြုရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အရှည် ၄၂၀ ပေရှိ RC Concrete အမျိုးအစားတံတားဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ (NVS 004)

16 Jul

ADVERTISE HERE .