“Food Expo Pro 2025 ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရန်ဖိတ်ခေါ်”

15 Jul

တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့၌ ကျင်းပပြုလုပ်မည့် Food Expo Pro 2025 ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ Food Expo Pro 2025 ပြပွဲကို တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ရှိ Hong Kong Convention and Exhibition Center ၌ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်ကြာကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းရှင်များကို ပါဝင်ပြသရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှတစ်ဆင့် ဖိတ်ကြားထားတာဖြစ်ပါတယ်။ ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းများ ပါဝင်ပြသနိုင်ရန်အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင် မြို့အတွက် ၉ စတုရန်းမီတာ အကျယ်အဝန်းရှိသော ပြခန်းတစ်ခန်းကို သက်ဆိုင်ရာမှ အခမဲ့စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ပြပွဲကို သုံးရက်ကြာကျင်းပမှာဖြစ်ပါတယ်။ ပထမနှစ်ရက်တွင် ကုန်သည်၊ လုပ်ငန်းရှင်များကို ပြသမည်ဖြစ်ပြီး ပြပွဲနောက်ဆုံးရက်မှာတော့ ပြည်သူများလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ Food Expo Pro 2025 ပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အတွက် အခမဲ့စီစဉ်ပေးမည့် ပြခန်း၌ ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း-၀၆၇၄၀၈၆၂၃ နှင့် [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။(NVS-004)

15 Jul

ADVERTISE HERE .