“ယခုဘဏ္ဍာနှစ်အတွင်း သက်မွေးကာလတိုသင်တန်း ခြောက်ကြိမ်ဖွင့်လှစ်မည်”

15 Jul

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကာလတိုသင်တန်း ခြောက်ကြိမ်အထိ အခမဲ့ဖွင့်လှစ်သွားမယ်လို့ စစ်ကိုင်း ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရပါတယ်။ ဖွင့်လှစ်ပို့ချမည့် ကာလတိုသင်တန်းများတွင် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊ မုန့်ဖုတ်သင်တန်း၊ စက်ချုပ် သင်တန်းနှင့် ယို၊ ဖျော်ရည်၊ ဝိုင် ပြုလုပ်နည်းသင်တန်းတို့ ပါဝင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ပေါများလာစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သင်တန်းများဖွင့်လှစ်ရာတွင် သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား/သင်တန်းသူ ၂ဝ ဦးဖြင့် သင်တန်း ခြောက်ကြိမ်တွင် စုစုပေါင်းသင်တန်းသား/သင်တန်းသူ ၁၂၀ ဦး ကို လက်ခံသင်ကြားပေးသွားမှာဖြစ်ပြီး ယခုဘဏ္ဍာနှစ် အတွင်း လူသုံးကုန်ထုတ်လုပ်မှုသင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကာလတိုသင်တန်းများကို ဘဏ္ဍာနှစ်အလိုက် ဖွင့်လှစ်ပေးလျက်ရှိရာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကလည်း ကာလတိုသင်တန်း ရှစ်ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၁၆၀ ဦးကို လက်ခံသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ (NVS-004)

15 Jul

ADVERTISE HERE .