“ဗလာဟိုဗစ် ကို ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် တိုက်တွန်းခဲ့တဲ့ ကိုဗာဆီဗစ်”

15 Jul

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကိုဗာဆီဗစ်က ဗလာဟိုဗစ်အနေနဲ့ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာသင့်တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗလာဟိုဗစ် က ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၆ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးလိုခြင်းမရှိတာကြောင့် ဂျူဗင်တပ်စ်အသင်းက ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အိုလံပီယာကော့စ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ကိုဗာဆီဗစ်က ဗလာဟိုဗစ် ကို မှန်ကန်တဲ့နေရာကို ပြောင်းရွှေ့ဖို့ အကြံပြုခဲ့ပါတယ်။ အတွေ့အကြုံအရ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ မလွယ်ကူနိုင်ကြောင်းနဲ့ မီလန် ဒါမှမဟုတ် မန်ယူအသင်းတို့ကို ပြောင်းရွှေ့နိုင်ပါက ပိုမိုကောင်းမွန် နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

15 Jul

ADVERTISE HERE .