“အာရှလူငယ် ကြက်တောင်ပြိုင်ပွဲမှာ ရွှေ ၁၂ ခု ရရှိခဲ့တဲ့ မြန်မာလက်ရွေးစင်ကစားသမားများ”

15 Jul

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာရှလူငယ်ကြက်တောင်ပြိုင်ပွဲမှာ မြန်မာကြက်တောင် လူငယ်လက်ရွေးစင်အသင်းဟာ အသင်းလိုက်ပြိုင်ပွဲတွေမှာ ရွှေ ၁၂ ခု ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်ကနေ သိရပါတယ်။ Badminton Asia Regional Championships 2025 (Southeast Asia) Mixed Team & Individual Event ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ရွှေ ၁၂ ခုအပြင် ငွေ ၃ ခုနဲ့ ကြေး ၈ ခု စုစုပေါင်း ဆုတံဆိပ် ၂၃ ခု ရရှိခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက်ကနေ ၁၂ ရက်အထိ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အသင်းလိုက် U-15 ၊ U-17 နဲ့ U-23 ပြိုင်ပွဲတွေနဲ့ အမျိုးသားတစ်ယောက်ချင်း၊ အမျိုးသမီးတစ်ယောက်ချင်း၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားနှစ်ယောက်တွဲနဲ့ အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွေမှာ ရွှေ ၉ ခု၊ ငွေ ၃ ခု၊ ကြေး ၈ ခု ရရှိခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်က သိရပါတယ်။ အခုကျင်းပခဲ့တဲ့ အာရှလူငယ်ကြက်တောင်ပြိုင်ပွဲမှာ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ တီမောနဲ့ ဘရူနိုင်း စတဲ့ နိုင်ငံ ၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်၊၊ (NVS 008)

15 Jul

ADVERTISE HERE .