“ဖလက်ချာ ကို ယူ-၁၈ အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ မန်ယူအသင်း”
15 Jul
မန်ယူအသင်းဟာ ကွင်းလယ်ကစားသမားဟောင်း ဒါးရင်းဖလက်ချာ ကို ယူ-၁၈ အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ အသက် ၄၁ နှစ်အရွယ် ဖလက်ချာ ဟာ မန်ယူအသင်းမှာ ၂၀၀၂ ကနေ ၂၀၁၅ အထိ ကာလရှည် ကစားခဲ့သူ ဖြစ်ပြီး ကစားသမားဘဝက အနားယူပြီးနောက် မန်ယူအသင်းမှာပဲ ယူ-၁၆ အသင်းနည်းပြ၊ နည်းပြအဖွဲ့ဝင်၊ နည်းစနစ် ဒါရိုက်တာ ရာထူးတွေနဲ့ ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ မန်ယူအသင်းက ယူ-၁၈ နည်းပြအဖြစ် ခန့်အပ်လိုက်ပြီး ရာသီကြိုခြေစမ်းပွဲတွေ စတင်ယှဉ်ပြိုင် ကစားနေပြီလို့ သိရပါတယ်။ စကော့တန်လက်ရွေးစင်ဟောင်း ဖလက်ချာက UEFA A Licence ရရှိထားသူဖြစ်ပြီး ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ်။ (NVS 008)
15 Jul