“တိုက်စစ်ကစားသမား အန်ကူကူ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းအဖြစ် သတ်မှတ်လိုက်တဲ့ ချဲလ်ဆီး”

15 Jul

ချဲလ်ဆီးအသင်းက ပြင်သစ်တိုက်စစ်ကစားသမား အန်ကူကူ အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၃၅ သန်း သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အန်ကူကူ ကို ၂၀၂၃ နွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အန်ကူကူ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ကွန်းဖရန့်လိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ၉ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ နည်းပြ မာရက်စကာက အန်ကူကူ ရဲ့ ခြေစွမ်းကို သဘောမတွေ့တာကြောင့် ရောင်းထုတ်ရန် စီစဉ်နေပြီး မန်ယူ၊ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ (NVS 008)

15 Jul

ADVERTISE HERE .