“၂၀၂၅ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ကြတဲ့ ဆင်နာ နဲ့ ဆွီယာတက်ခ်”

15 Jul

၂၀၂၅ ဝင်ဘယ်ဒန်ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲကို ဇူလိုင်လ ၁၃ ရက်က ကျင်းပပြီးစီးခဲ့ပြီး တစ်ဦးချင်း ပွဲစဉ်တွေမှာ အီတလီတင်းနစ်သမား ဆင်နာ နဲ့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် တို့ ဗိုလ်စွဲခဲ့ကြပါတယ်။ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်တစ် ဆင်နာ က ကမ္ဘာ့အဆင့် နှစ် ကားလို့စ် အယ်လ်ကာရက်ဇ် ကို ၄-၆၊ ၆-၄၊ ၆-၄၊ ၆-၄ နဲ့ အနိုင်ရခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲမှာတော့ ဆွီယာတက်ခ်က အမေရိကန် တင်းနစ် မယ် အာနီဆီမိုဗာကို ၆-ဝ၊ ၆-၀ နဲ့ အနိုင်ရခဲ့ကာ ချန်ပီယံဖြစ်ခဲ့ကြပါတယ်။ အခုပြိုင်ပွဲမှာ ဆင်နာနဲ့ ဆွီယာတက်ခ်တို့ နှစ်ဦးစလုံးက ပထမဆုံးအကြိမ်အဖြစ် ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆင်နာ အနေနဲ့ လွန်ခဲ့တဲ့ ၃၅ ရက်က ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာ အယ်လ်ကာရက်ဇ်ကို အရေးနိမ့်ထားခဲ့တာကြောင့် အဆိုပါရှုံးကြွေးကို အခုချိန်မှာ ပြန်ဆပ်နိုင်ခဲ့တဲ့အပြင် လေးကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

15 Jul

ADVERTISE HERE .