“တည်ထောင်ပြီးစက်မှုဇုန်များတွင် လုပ်သား ၅ သိန်းခွဲကျော် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထား”

15 Jul

ပြည်တွင်း၌ တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက် ၅ ခု နှင့်ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်း ၂ ခု ရှိပြီး တည်ထောင်ပြီး စက်မှုဇုန်များတွင် လုပ်သားအင်အား ၅ သိန်းခွဲကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးထားတယ်လို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြောကြားခဲ့ပါတယ်။ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ ကျင်းပသည့် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဇူလိုင်လ ၁၂ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီး(အေးသာယာ) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ တည်ထောင်ပြီး စက်မှုဇုန်များတွင် အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၈,၀၃၅ ခုရှိပြီး လုပ်သားပေါင်း ၅၅၆,၀၀၀ ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါတယ်။ တည်ထောင် ပြီးဖြစ်တဲ့ စက်မှုဇုန်များနှင့်စက်မှုဇုန်အသစ်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်တဲ့ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ်က ပြဌာန်းခဲ့ပါတယ်။ စက်မှုဇုန်နည်းဥပဒေများကို ၂၀၂၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး နိုင်ငံတော်၏ ပြည်ပပို့ကုန်မြှင့် တင်ရေးနှင့် သွင်းကုန်အစားထိုးစက်မှု ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် ပြည်တွင်းစက်မှုဇုန်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် တည်ထောင်ပြီး စက်မှုဇုန်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝိုင်းဝန်းအားပေးမြှင့်တင်ခြင်းနှင့် ကြပ်မတ်ထိန်းကျောင်းခြင်းတို့ကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး က တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 004)

15 Jul

ADVERTISE HERE .