“အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်”

15 Jul

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းက လာမည့် ၂၄ နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးခဲ့ပါတယ်။ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ရွေ့လျား၍ ကုန်းတွင်းမုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ခြင်းဖြစ်ပါတယ်။ အခုလိုကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မရောက်ရှိမီ လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

15 Jul

ADVERTISE HERE .