“Bangladesh Bauddha Kristi Prachar Sangha အသင်းက ငလျင်ဘေးသင့်ပြည်သူများအတွက် တာကာ ၂၀၀,၀၀၀ လှူဒါန်း”
15 Jul
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Bangladesh Bauddha Kristi Prachar Sangha အသင်းက တာကာ ၂၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဒေါ်လာ ၁,၆၀၀ ခန့်ရှိတဲ့လှူဒါန်းငွေကို ဒါကာမြို့ရှိ မြန်မာသံရုံးသို့ ဇူလိုင်လ ၁၃ ရက်ကလာရောက် လှူဒါန်းခဲ့ခြင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး က လက်ခံရယူကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အဆိုပါလှူဒါန်းငွေများကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပြီး ထပ်မံထည့်ဝင်လှူဒါန်းငွေများ ရရှိလာပါကလည်း အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
15 Jul