“မင်္ဂလာ၂၄ နာရီဆေးခန်း၌ မြန်မာ့ရုပ်ရှင်အစည်းအရုံးအသင်းဝင် ကဒ်ပြားပြ၍ အခမဲ့ ဆေးကုသမှုခံယူနိုင်"

14 Jul

မြန်မာ့ရုပ်ရှင်အစည်းအရုံးဝင်များအနေနဲ့ ရုပ်ရှင်အစည်းအရုံးဝင်များ ကဒ်ပြားပြသ၍ မင်္ဂလာ ၂၄ ဆေးခန်း၌ အခမဲ့ ဆေးကုသမှုခံယူနိုင်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဆေးကုသမှုများခံယူရာတွင် မင်္ဂလာ ၂၄ နာရီဆေးခန်းရှိသော မြို့နယ် (၄) မြို့နယ်များဖြစ်တဲ့ မင်္ဂလာဆေးခန်း(၁) -အမှတ် ၅၂၊ နှင်းဆီကုန်းလမ်းနှင့် သရဖီလမ်းထောင့်၊ ဃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာဆေးခန်း(၂)-ဒါရ်ဂါလမ်း၊ ဒါရ်ဂါရပ်ကွက်၊ သန်လျင်မြို့နယ်၊ မင်္ဂလာဆေးခန်း(၃)-အမှတ် (၁၂၇)၊ဧရာ (၁၁)လမ်း၊ ည ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်၊ မင်္ဂလာဆေးခန်း(၄)-အမှတ် (၀၀၁)၊ ဘုရင့်နောင်တာဝါ (၂)၊ ကမာရွတ်မြို့နယ် (ဂရန်းဟံသာဆေးရုံရှေ့ယခင် ABC ဆေးခန်းနေရာ) စတဲ့ နေရာများသို့ ဖုန်း ၀၉-၉၅၀၆၇၈၁၂၃ ကို ဆက်သွယ်၍ ကြိုတင်ဘိုကင်ယူကာ လာရောက် ဆေးကုသမှုခံယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

14 Jul

ADVERTISE HERE .