“ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဇွန်လအတွင်း ယာဉ်မတော်တဆမှု ၂၁ မှုဖြစ်ပွား”
14 Jul
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဇွန်လအတွင်း ယာဉ်မတော်တဆမှု ၂၁ မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ ယခုနှစ် ဇွန်လအတွင်း အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ၂၁ မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၉ ဦးရှိကာ သေဆုံးသူ သုံးဦးရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၈၅,၈၉၀,၀၀၀ ရှိကြောင်း သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုများဖြစ်ပွားရာတွင် လူကြောင့်၊ ယာဉ်ကြောင့်၊ လမ်းကြောင့်နှင့် ရာသီဥတုကြောင့်ဖြစ်ပွားခဲ့ရာ လူကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားရာတွင် အရှိန်ပြင်း၊ မူးယစ်၊ အိပ်ငိုက်၊ လမ်းကူးသူပေါ့ဆမှု၊ တိရစ္ဆာန်များကြောင့်၊ ဆိုင်ကယ်ပေါ့ဆမှု၊ အနှေးယာဉ်ပေါ့ဆမှု၊ ယာဉ်မောင်းမကျွမ်းကျင်၊ မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ကြောင့်ဖြစ်ပွားရာတွင် ဘီးပေါက်ခြင်း၊ စက်ချို့ယွင်းခြင်းတို့ကြောင့် ဖြစ်ပွားကြောင်း၊ လမ်းကြောင့်ဖြစ်ပွားရာတွင် တံတားနှင့် လမ်းချော်ခြင်းတို့ကြောင့် ဖြစ်ပွားခြင်းနှင့် ရာသီဥတုကြောင့်လည်း ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မောင်းများအနေဖြင့် သတ်မှတ်နှုန်းထားအတိုင်း စည်းကမ်းတကျ မောင်းနှင်သင့်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၁၇ မှု၊ ဖေဖော်ဝါရီလတွင် ကိုးမှု၊ မတ်လတွင် ၁၉ မှု၊ ဧပြီလ တွင် ၁၃ မှု၊ မေလတွင် ၁၅ မှု၊ ဇွန်လတွင် ၂၁ မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ (NVS-004)