“ယခုဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂,၀၀၀ နီးပါးတင်ပို့နိုင်ခဲ့”

14 Jul

ပြည်တွင်းမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သုံးလတာကာလ အတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ် တန်ချိန် ၁,၉၇၅ ဒသမ ၃၉၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၆၈ သန်း ရရှိခဲ့ပါတယ်။ အဆိုပါ သုံးလကာကာလအတွင်း တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန်ချိန် ၁,၈၀၉ ဒသမ ၀၇၄ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၆၄ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန်ချိန် ၁၆၆ ဒသမ ၃၂ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ သုည ဒသမ ၉ဝ၄ သန်းရရှိခဲ့သည့်အတွက် ပြည်ပသို့ ပုစွန်စုစုပေါင်းမက်ထရစ်တန် ၁,၉၇၅ ဒသမ ၃၉၄ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၆၈ သန်းရရှိခဲ့ခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှ ပုစွန်အပါအဝင် ငါး အစရှိသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့နေသည့်အပြင် နယ်စပ်မှ လည်း တိုက်ရိုက်တင်ပို့လျက်ရှိရာ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် စုစုပေါင်း မက်ထရစ်တန်ချိန် ၈၂,၇၇၃ ဒသမ ၈၁၁ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၆၀၁ သန်း ရရှိထားကြောင်း သိရပါတယ်။ (NVS-004)

14 Jul

ADVERTISE HERE .