ကုန်ဈေးနှုန်းသတင်း ၁၄.၇.၂၀၂၅
14 Jul
ဇူလိုင်လ ၁၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ မန်ကျည်းသီးနဲ့ အခြားပဲအများစု ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၅,၃၆၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၅,၄၉၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၈၇၅ ကျပ်ကနေ ၄,၉၁၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၉,၁၉၆ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၃၃၀ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၄၃၀ ကျပ်ကနေ ၆,၅၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၆၄၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၉၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၅,၉၂၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈၀၀ ကျပ်ကနေ ၁,၆၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၁၀,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၅၅၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၀၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၅၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၆၀ ကျပ်၊ မန္တလေးမှာ ၃,၀၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၄၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၀၁၀ ကျပ်၊ မန္တလေးမှာ ၃,၁၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၉၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၃၅ ကျပ်၊ မန္တလေးမှာ ၂,၇၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၆၅ ကျပ်၊ မန္တလေးမှာ ၃,၃၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၈၉၀,၀၀၀/-) ငါးဆယ် ရှစ်သိန်း ကိုးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၈၈၀,၀၀၀ိ/-) ခုနစ်ဆယ် ရှစ်သိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။