“ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ရလဒ်အပြတ်သားဆုံးနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဆွီယာတက်ခ်”
14 Jul
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် က အမေရိကန်တင်းနစ်မယ် အန်နီစီမိုဗာ ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဇူလိုင်လ ၁၃ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်က အကြိတ်အနယ်ရှိမယ်လို့ ခန့်မှန်းထားခဲ့ကြပေမယ့် ပွဲကစားချိန်မှာ ၅၄ မိနစ်သာကြာမြင့်ခဲ့ပြီး ဆွီယာတက်ခ် က အမေရိကန်တင်းနစ်မယ် အန်နီ စီမိုဗာ ၆-၀၊ ၆-၀ ဆိုတဲ့ နှစ်ပွဲပြတ် ရမှတ်အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်ရလဒ်ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် ရလဒ်အပြတ်သားဆုံးသော ဗိုလ်လုပွဲ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဆွီယာတက်ခ် အနေနဲ့ ဆုဖလားလက်မဲ့ဖြစ်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးပြန်လည် ဆွတ်ခူးနိုင်ခဲ့တဲ့ ဆုဖလားဖြစ်ပါတယ်။ (NVS 008)
14 Jul