“ဝက်ကင်စ် အတွက် ပေါင်သန်း ၁၀၀ သုံးစွဲဖို့ အသင့်ရှိတဲ့ နယူးကာဆယ်အသင်း”

14 Jul

နယူးကာဆယ်အသင်းဟာ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ် ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၁၀၀ သုံးစွဲဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းဟာ ၀ါရင့်တိုက်စစ်မှူး ကာလမ်ဝီလ်ဆင် ကို ဆုံးရှုံးထားတာကြောင့် ပြန်လည် အစားထိုးဖို့ တိုက်စစ်မှူး ရှာဖွေနေတာဖြစ်ပြီး အက်စတွန်ဗီလာ တိုက်စစ်မှူး ဝက်ကင်စ် ကို ပစ်မှတ်ထားလာခြင်း ဖြစ်ပါတယ်။ ဝက်ကင်စ် ဟာ အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းက ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းက ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် နယူးကာဆယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဝန်းကျင်အသုံးပြုရမှာဖြစ်ပြီး ဝက်ကင်စ် ရဲ့ စာချုပ်အတွက် ပေါင်သန်း ၅၀ ဝန်းကျင် သုံးစွဲရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ အသက် ၂၉ နှစ်အရွယ် ဝက်ကင်စ် ကို မန်ယူအသင်းက ခေါ်ယူဖို့ချိန်ရွယ်နေသလို၊ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကလည်း ကမ်းလှမ်းမှုများ ပြုလုပ်လာဖွယ်ရှိနေပါတယ်။ (NVS 008)

14 Jul

ADVERTISE HERE .