“ပရီးမီးယားလိဂ်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေတဲ့ ဂါနာချို”

14 Jul

မန်ယူအသင်းရဲ့ တောင်ပံကစားသမား ဂါနာချို က ပရီးမီးယားလိဂ်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂါနာချို ရဲ့ ခြေစွမ်းကို မန်ယူနည်းပြ အာမိုရင် က သဘောကျခြင်းမရှိတာကြောင့် ရောင်းထုတ်ဖို့စီစဉ်နေပြီး အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဂါနာချိုကို ပရီးမီးယား လိဂ် ပြိုင်ဘက်အသင်းတချို့၊ အီတလီနဲ့ ဂျာမနီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဂါနာချို က စီရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းကိုသာ ရွေးချယ်သွားဖွယ်ရှိကြောင်း သိရပါတယ်။ ဂါနာချို ကို ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ်အသင်းတွေကတော့ ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ စပါးနဲ့ ဝုလ်ဗ်အသင်း တို့ဖြစ်ပါတယ်။ (NVS 008)

14 Jul

ADVERTISE HERE .