“ဂျိုကာရက်စ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ အာဆင်နယ်အသင်း”
14 Jul
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ဂျိုကာရက်စ် ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးကိစ္စ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဂျိုကာရက်စ် အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၆၃ ဒသမ ၅ သန်းနဲ့ အပိုဆုကြေး ယူရို ၁၀ သန်း ပေးချေရမယ်လို့ သိရပါတယ်။ အခုလို သဘောတူညီမှုရရှိဖို့အတွက် ဂျိုကာရက်စ် ရဲ့ အေးဂျင့်ဖြစ်သူက အေးဂျင့်ခ မယူခဲ့ဘူးလို့ သိရပါတယ်။ (NVS 008)
14 Jul