“ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ကိုးလ်ပါလ်မာ ရရှိ”

14 Jul

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ချဲလ်ဆီးအသင်းရဲ့ တိုက်စစ် ကစားသမား ကိုးလ်ပါလ်မာ ရရှိခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ပါလ်မာ ဟာ နောက်ဆုံးဗိုလ်လုပွဲမှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြ ခဲ့တာကြောင့် ဗိုလ်လုပွဲရဲ့ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆု(ရွှေဘောလုံးဆု)ကို ပါလ်မာ က ရရှိခဲ့ပြီး ငွေဘောလုံးဆုကို PSG ကစားသမား ဗီတင်ညာ၊ ကြေးဘောလုံးဆုကို ချဲလ်ဆီးကစားသမား ကိုင်စီဒို တို့ရရှိခဲ့သလို၊ အကောင်းဆုံးလူငယ်ကစားသမားဆုကို PSG တိုက်စစ်ကစားသမား ဒူအေ က ရရှိခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမား(ရွှေလက်အိတ်)ဆုကို ချဲလ်ဆီးအသင်း ဂိုးသမား ရောဘတ်ဆန်းချက်ဇ် က ရရှိခဲ့ပြီး ဂိုးသွင်းဘုရင်ဆုကို ရီးရဲလ်အသင်း တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာ က ရရှိခဲ့ပါတယ်။ အသန့်ရှင်းဆုံးအသင်းဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက ရရှိခဲ့ပါတယ်။ (NVS 008)

14 Jul

ADVERTISE HERE .