အယ်လ်ဟီလာအသင်းက သီအိုဟာနန်ဒက်ဇ် ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူ

12 Jul

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းက အေစီမီလန်အသင်း နောက်ခံကစားသမား သီအို ဟာနန်ဒက်ဇ် ကို ယူရို ၂၅ သန်းဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် နောက်ခံကစားသမား သီအိုဟာနန်ဒက်ဇ် ဟာ အယ်လ်ဟီလာအသင်းတွင် ကျောနံပါတ်(၁၉)ဂျာစီကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ သီအိုဟာနန်ဒက်ဇ် အနေနဲ့ အေစီမီလန်အသင်းနှင့်အတူ ၂ဝ၁၉-၂ဝ၂ဝ မှ ၂ဝ၂၄-၂ဝ၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၆၂ ပွဲကစားပြီး ၃၄ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အယ်လ်ဟီလာအသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ အယ်လ်ဟီလာအသင်း က သီအိုဟာနန်ဒက်ဇ် ကို ခေါ်ယူနိုင်ခဲ့ပြီး နောက်ထပ်ကစားသမားသစ်တွေကို ထပ်မံ ခေါ်ယူ အားဖြည့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .